လွယ်ဝိုးလမ် ခေါ် ကောင်ဖိုးဖြေင်း ပအိုဝ်းကျေးရွာ

တအာန်းပလောင်ကျေးရွာတွေဝိုင်းရံထားသည့် မိုင်းကိုင်မြို့နယ်ထဲက အလွန်သာယာလှပသည့် ပအိုဝ်းကျေးရွာတစ်ရွာအကြောင်းတစ်စေ့တစ်စောင် 


မိုင်းကိုင်၊ မေလ(၁၈)ရက်၊ ခရဇ်နှစ်- ၂၀၁၉
တအာန်းပလောင်ကျေးရွာတွေ ဝိုင်းရံထားတဲ့ မိုင်းကိုင်မြို့နယ်ထဲက သာယာလှပတဲ့ပအိုဝ်းကျေးရွာတစ်ရွာ၏အမည်မှာ ကောင်ဖိုးဖြေင်းကျေးရွာတစ်ရွာပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် "လွယ်ဝိုးလမ်"ဟုခေါ်ဆိုပြုထားကြသေးသည်။ အခြားအမည်မှာ ခေးအွံအွေ့ဟု၍လည်း ခေါ်ဆိုပြုထားကြပါသေးသည်။ ကောင်ဖိုးဖြေင်းသည် မူရင်းဘာသာစကားမှာ ပအိုဝ်းဘာသာစကားပင်ဖြစ်သည်။ ကောင်ဆိုသည်မှာ တောင်(ရှမ်းဘာသာအားဖြင့် "လွယ်"ဟုအဓိပ္ပါယ်ရသည်။ ဖိုးဖြေင်းသည် နွားနက်(ရှမ်းဘာသာအားဖြင့် ဝိုးလမ်)ဟုအဓိပ္ပါယ်ထွက်သည်။ လိုရင်းအဓိပ္ပါယ်မှာ နွားနက်တောင်(လွယ်ဝိုးလမ်)ဟု အဓိပ္ပါယ်ရသည်။း


ပအိုဝ်းတိုင်းရင်းသားတို့နေထိုင်တဲ့
ကောင်ဖိုးဖြေင်း(လွယ်ဝိုးလမ်၊ ခေးအုံအွေ့)ကျေးရွာသည် မိုင်းကိုင်မြို့၏အနောက်မြောက်အရပ်တောင်တန်းပေါ်တွင်တည်ရှိပြီး ကားဖြင့်(၁)နာရီကျော်ကြာ စီးနှင်းပြီးမှသာလျှင် ထိုကျေးရွာသို့ရောက်ရှိမည်ဖြစ်ပါသည်။ ဘေးပတ်ပတ်လည်တွင် တအာန်းပလောင်ကျေးရွာများဝိုင်းရံထားကာ ဦးဇင်းတို့လည်း ထိုကျေးရွာသို့ရောက်ရှိရခြင်းမှာ တိုင်းကောင်ကျောင်းဆရာတော်ဗွေသုမန ဖိတ်ခေါ်လို့ ၎င်းရွာကို ပထမဆုံးအကြိမ်အားဖြင့် ရောက်ဖူးရခြင်းဖြစ်ပါသည်။
ကောင်ဖိုးဖြေင်းကျေးရွာသည် ပအိုဝ်းတိုင်းရင်းသားတို့၏ရှေးရှေ့ဘိုးဘွားခေတ်ယခင်ကတည်းကမူလနေထိုင်ခဲ့သည့် ကျေးရွာကြီးတစ်ရွာပင်ဖြစ်၍ ပအိုဝ်းတိုင်းရင်းသားတို့၏ နေထိုင်ရာဒေသဧရိယာအဆုံးတွင်တည်ရှိခြင်းလည်းဖြစ်ပါသည်။ ဒေသခံရွာသူ/သားများက စစ်သားစုစောင်းခြင်းအမြဲခံနေရပြီး ဆရာတော်သုပညာက ကြံ့ကြံ့ခိုင်ခိုင် တောင့်တောင့်တင်းတင်းစိတ်ဓာတ်ရှိထား၍ ရွာ၏အိမ်ခြေ၊ ရွာ၏လူဦးရေကတိုးတထက်တိုးလာကြခြင်းဖြစ်သည်။

လဲချားမြို့နယ်ထဲက ပင်ဟုန်ကျေးရွာ၊ ဝမ်းကန်ကျေးရွာ၊ နမ့်စန်မြို့နယ်ထဲက နမ်းအွန်ကျေးရွာတို့သည် အထက်ပါ ကောင်ဖိုးဖြေင်း(လွယ်ဝိုးလမ်း၊ ခေးအုံအွေ့)ကျေးရွာမှ ပြောင်းရွှေ့လာသည့် ကျေးရွာပင်ဖြစ်ပါသည်။ ထိုသို့ပြောင်းရွှေ့သွားကြပေမည့် မူလကျေးရွာက လျော့နည်းမသွားပဲ ရွာကပို၍ပင် ကြီးသထက်ကြီးလာနေသည်ဟု ဒေသခံတွေကပြောဆိုကြသည်။
ကျေးရွာသူ/သားတို့က မူရင်းပအိုဝ်းဘာသာစကား၊ ရှမ်းဘာသာစကား၊ တအာန်းပလောင်ဘာသာစကား စကားသုံးမျိုးလုံးကို ပြောဆိုသုံးနှုန်းတတ်ထားကြ၍ အလွန်စိတ်ဝင်စားစရာကောင်းလှသည်မှာ အမှန်ပင်ဖြစ်သည်။ မိုင်းကိုင်မြို့နယ်တွင် ပင်ဖျူး၊ နောင်ဟွယ်၊ ကောင်လုံ၊ သဲုင်ခေါဝ်၊ ပုံသဲုင်၊ ပါးရေးပါးပန် အစရှိသည့်ကျေးရွာတို့သည်လည်း ပအိုဝ်းတိုင်းရင်းသားတို့ကျေးရွာအများအပြားပင်ရှိပါသည်။ သီပေါမြို့နယ်တွင် လွယ်ခွိုကျေးရွာသည် ပအိုဝ်းကျေးရွာပင်ဖြစ်သည်။

ယနေ့သည်လည်း ရဟန်းခံရှင်ပြု၊ ကျောင်းရေစက်ချပွဲကျင်းပ၍ တိုင်းရင်းသားပေါင်းစုံတို့ဖြင့် အလွန်စည်ကားလှသည်။ ကျေးရွာသည် အလွန်သာယာလှပသည့် တောင်တန်းပြာပေါ်တွင်တည်ရှိပြီး အရောက်လှမ်းလာခဲ့ကြပါလို့ လှိုက်လှဲပျူငှာစွာဖိတ်ခေါ်ပြုရင်းဖြင့် သည်မျှနင့်ပဲရပ်နားခွင့်ပြုပါရစေ....
တက္ကသိုလ်ခွန်အားသစ်  ဖေ့ဘုတ် စာမျက်နှာမှ ပြန်လည် မျှဝေပါတယ်။



ပလောင်တိုင်းရင်းသားသူ






ပန်းချီကားချပ် တစ်ချပ် သာယာလှပနေတဲ့ မိုင်းကိုင်မြို့နယ် ကောင်ဖိုးဖြေင်း ပအိုဝ်းကျေးရွာ



အလူပွဲသို့ လာရောက်ကြသည့် ပလောင်တိုင်းရင်းသူများ
ပလောင်တိုင်းရင်းသားများလည်း ပအိုဝ်းတိုင်းရင်းသားတွေလို
ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြပါတယ်။




ပန်းချီ ရေးဆွဲထားတာ မဟုတ်ပါဘူး သဘာဝ အလှတရားတွေပါ။









စိမ်းလန်းစိုပြေနေတဲ့ ကောင်ဖိုးဖြင်း ပအိုဝ်းကျေးရွာ











ကိုယ့်လူမျိုးကို ချစ်ပါ 
တခြား လူမျိုးကို စော်ကားတာ မဟုတ်ပါဘူး။
ကိုယ့်ဘာသာကို တန်ဖိုးထားပါ
တခြားဘာသာကို ပုတ်ခတ်တာ မဟုတ်ပါဘူး။




Pa'O Kham Tan

Comments