ပအိုဝ်းနောက်ခံသမိုင်း အပိုင်း - ( ၂ )

ပအိုဝ်းနောက်ခံသမိုင်း အပိုင်း - ၂

ခရစ်နှစ် 1057 ခုနှစ် သီရိတြိဘဝနာ ဒိတျာပဝရဓမ္မရာဇာဘွဲ့ခံ မနူဟာမင်းလက်ထက်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းက သထုံကိုစစ်ချီသည်။ဥဿာပဲခူးမြို့နေ မွန်တို့အား ဂျွ မ်းစစ်သည်များရန်မှ ကူညီတိုက်ခိုက်ပေးခဲ့ဖူးသော စစ်သည်တော်လေးသိန်းအားနှင့် ညီမျှသည်ဟု အဆိုရှိသော ကျ န်စစ်သားlငထွေရူးlငလုံးလက်ဖယ်နှင့် ညောင်ဦးဖီးတို့ဦးဆောင်သော အဖွဲ့ကကြည်းကြောင်းမှချီပြီး အနော်ရထာမင်းက နောက်တပ်မ
ပြု ၍ချီတက်သည်။
မနူဟာမင်းက သထုံမြို့ကိုပိတ်ပြီး ခုခံကာကွယ်သဖြင့် အနော်ရထာမင်းက ကာလအတန်ကြာ ဝန်းရံလုပ်ကြံရသည်။ နောက်ဆုံးတွင် ကုလားခြေလျှ င်ဗျတ္တ(ရွှေနှင့်ယိုးမှားပန်းစံကား ကဗျာထဲမှ ပန်းတော်ဆက်ဗျ တ္တ)၏ အစီအရင်ဖြင့် ၏ သထုံမြို့တွင်းသို့ ရဲမက်အပေါင်းဝင်ရောက်တိုက်ခိုက်နိုင်ပြီး သထုံမြို့ ကျသွားခဲ့သည်။
သထုံကိုရလျှင် မနူုဟာမင်းပိုင် ဆင်ဖြူ ၃၂ စီးထက်တွင်သထုံပြည်ရှိ ပိဋကတ်သုံးပုံ အစုံ ၃၀ ကိုတင်ဆောင်ပြီးနောက် ကျ မ်းဂန်တတ်ရဟန်းတော်များ lသထုံမင်းအဆက်ဆက်တို့ ရတနာပန်းတောင်းတွင်ထား၍ ကိုးကွယ်သော  ဓာတ်တော်များlမနူဟာမင်းlမိဖုရားနှင့်တကွ ပန်းဆယ်မျိုးအတတ်ပညာရှင်များlအဝတ်အထည်ရက်လုပ်သော ပညာရှင်များနှင့် စစ်သုံ့ပန်းများကို ပုဂံသို့ခေါ်ဆောင်သွားခဲ့သည်။
သထုံပျက်ပြီးနောက် ကိုယ့်ထီးကိုယ့်နန်း၏အရိပ်အောက်တွင်နေလာခဲ့သောlမွန်လူမျိုးမဟုတ်သောသထုံပြည်သားလူမျိုးစုတစ်စုသည် အုပ်စုကိုးစုခွဲ၍ သထုံကို စွန့်ခွာလာခဲ့သည်။ထိုအထဲမှ အုပ်စုခုနှစ်စုသည်တောင်ညိုကြီးတစ်ယောက်၏ လမ်းပြခေါ်ဆောင်မှုဖြင့် ရှမ်းပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့ အခြေစိုက်လာကြသည်။
ရှမ်းတို့သည် တောင်ယာခုတ်လေ့မရှိပဲ ရေခံမြေခံကောင်းသည့်နေရာlရွာတည်လျှင် 
မန့်lနာႏlဖာlတာအင်္ဂါ ရပ်နှင့်ညီသောနေရာများကိုသာ ရွေးပြီး ရွာတည် နေထိုင်လေ့ရှိခြင်းကြောင့် သထုံသားများဝင်ရောက်လာသောအခါ ရှမ်းတို့နေထိုင်ခြင်းမရှိသော တောင်ပေါ်ဒေသများတွင် အခြေချရသည်။ထိုသို့နေထိုင်ရခြင်း ကြောင့်ပင် ၎င်းတို့မှာ တစ်စုတစ်ဝေးတည်းမရှိပဲ ရှမ်းပြည်တောင်ပိုင်းအနှံ့ ပြန့်ကျဲနေခြင်းဖြစ်သည်။

၎င်းတို့သည် ကရင်နှင့်မွန်များကဲ့သို့  အသတ်အပုတ် ဝါသနာထုံခြင်းမရှိlနိုင်ငံရေးအကြောင်းကိုလည်း စိတ်ဝင်စားခြင်းlနားလည်ခြင်းမရှိခဲ့သော သာမန်အရပ်သားများသာဖြစ်ခြင်းကြောင့် မြေ ရှင် ပဒေသရာဇ်စနစ်ကျင့်သုံးသော ရှမ်းစော်ဘွားတို့လက်အောက်တွင် နှစ်ပေါင်းများစွာ မထင်မရှားနေထိုင်ခဲ့ရသည်။ အခါတပါး၌ တောင်ပေါ်သားကျောင်းထိုင်ရဟန်းတော်တစ်ပါးက ညောင်ရွှေစော်ဘွားထံတွင် ဗုဒ္ဓဘာသာကျ မ်းစာအုပ်များ အလှူ ခံသည်ကိုပင် "နင်တို့တောင်သူတွေနဲ့ ဗုဒ္ဓကျ မ်းစာ မတန်ဘူး"ဟု ပြောဆိုခံခဲ့ရဖူးသည်ဟုအဆိုရွိ၏။
မှတ်တမ်းမှတ်ရာများအရ စစ်ဘေးရှောင်သထုံသားအုပ်စု ခုနှစ်စုထဲတွင် ''သထုံႏ ပေႏ '' ခေါ် ဆီဆိုင်အရပ်၌အခြေချ ခဲ့သူများသာ ရှမ်းစော်ဘွားတို့၏လက်အောက်မကျရောက်ခဲ့ကြောင်း တွေ့ရှိရသည်။ထိုအုပ်စုကို သထုံမင်းမျိုးမင်းနွယ်ဖြစ်သောlအနော်ရထာမင်း၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းအဖြစ်မှ လွတ်ခဲ့သော ခွန်ဆန်ဦး ကဦးဆောင်ခဲ့သည်။ ပဒေသရာဇ်စော်ဘွားများ ဖိနှိပ်မှုအလွန်အမင်းလုပ်နေသည်ကို သိရှိသွားသော တောင်သူလူမျိုးများကပဒေသရာဇ်စနစ်ကို တော်လှန်ရကောင်းမှန်း နောင်တွင်သဘောပေါက်လာကြသည်။

ပထမဦးဆုံးတော်လှန်ရေးခေါင်းဆောင်မှာ ဖြားတန်ကောင်ခဲ ဖြစ်ပြီး ခရစ်နှစ် 1929 တွင်ပဒေသရာဇ်ဆန့်ကျ င်တော်လှန်ရေး စတင်ပြုလုပ်ခဲ့သည်။ စော်ဘွားလဲဗီးတပ်မှ နှိမ်နှင်းသဖြင့် ချူ ပ်ငြိမ်းခဲ့၏။ 1931 မှ 1939 ခုနှစ်များအတွင်း ပဒေသရာဇ် ဆန့်ကျ င် လှုပ်ရှားမှု ကြို ကြားကြို ကြားပြု လုပ်ခဲ့သည်။ 1946 ခုနှစ်တွင် အမျိုးသားရေးအမြ င် ရှိသူများကတောင်ကြီးlဟိုပုံး lလွို င်လင်နှင့် ဆီဆိုင်ဒေသအတွင်းရှိ တောင်သူအမျိုးသားတို့ကို စတင်စည်းရုံးပြီး 1947 တွင် တောင်သူလူမျိုးများကို ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ခု စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ကေအဲန်ဒီအို ထံမှ လက်နက်ခဲယမ်းအချို့ဝယ်ယူကာ အဖွဲ့ကို လက်နက်တပ်ဆင်ပြီး 1949 ခုနှစ် ဒီဇင်ဘာ (11)တွင် ညောင်ရွှေlဘန်းယဉ်lဟိုပုံးlနောင်မွန်l ပင်လောင်းlစံကားlမိုင်းပွန်lလွို င်လင်l မိုးနဲနှင့်မောက်မယ်ရှိ ပဒေသရာဇ်အာဏာရှင်စော်ဘွားများကို တော်လှန်တိုက်ခိုက်ကြသည်။ တောင်သူအချို့အဖမ်းခံရပြီး ၎င်းတို့ကို ပဒေသရာဇ် အင်အားစုက ခေါင်းဖြတ်သတ်ကြသည်။ ခေါင်းပြတ်ကို အများပြည်သူမြင်သာအောင် စျေးနေ့များတွင် ချိတ်ဆွဲ ပြသခြိမ်းခြောက်သော်လည်း တော်လှန်ရေးတွင် ရှမ်းlဓနုl အင်းသားတို့  ပူးပေါင်းပါဝင်လာသောကြောင့်ပို၍ပင် အင်အားကောင်းလာသည်။ 1959 တွင် ဗိုလ်ချူ ပ်နေဝင်းခေါင်းဆောင်သောအိမ်စောင့်အစိုးရက ရှမ်းစော်ဘွားများကို ဖိတ်ခေါ်ထိမ်းသိမ်းပြီး အာဏာစွန့်လွှတ်ကြောင်းလက်မှတ်ရေးထိုးစေသဖြင့် ရှမ်းပြည်နယ်အတွင်းပဒေသရာစနစ် ချူ ပ်ငြိမ်းသွားသည်။
သမိုင်းတလျှောက် ရှမ်းlထုဲင်ႏlတုဲင်ႏမျိုးနွယ်စုများက ကရင်မျိုးနွယ်စုများအပေါ်အစဉ်အမြဲ အောင်ပွဲခံနိုင်ခဲ့ကြပြီးနောက်ပိုင်း မြန်မာပြည်အပိုင်းတွင် ကရင်မျိုးနွယ်စုဝင်တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားများကပထမဦးဆုံးအကြိမ် ကိုယ့်ကြမ္မာကိုယ်
ဖန်တီးခွင့်ရလာခြင်းလည်းဖြစ်သည်။
Credit ပညာရနံ
#KhonPaOKham




Comments